သုံးခွ ၁၅ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် အားကစားခန်းမဆောင်တွင် နိုဝင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီခွဲက မြန်မာ့သြဘာ စိုက်ပျိုးရေးသုံးပစ္စည်း ကုမ္ပဏီလီမီတက်၏ စီစဉ်ဆောင်ရွက်မှုဖြင့် နိုင်ငံဂုဏ်ဆောင် MMA One championship ကမ္ဘာ့လက်ဝှေ့ချန်ပီယံ အောင်လအန်ဆန်နှင့် တောင်သူများ၊ ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် အောင်လအန်ဆန်က မိမိမှာကချင်တိုင်းရင်းသားဖြစ်ပြီး မြစ်ကြီးနားဇာတိ ဖြစ်ကြောင်း မိတ်ဆက်စကားပြောကြားကာ အောင်မြင်မှုရရှိအောင် ကြိုးပမ်းလေ့ကျင့်ဆောင်ရွက်ခဲ့ပုံ အားကစားသမားဘဝ အတွေ့အကြုံများ ရှင်းလင်းပြောကြားခဲ့ပြီး အောင်မြင်မှုရရှိရန်မိမိတို့ ကိုယ်တိုင်အားစိုက်ကြိုးစားရန် ယုံကြည်မှုရှိရန် အရေးကြီးကြောင်း စိတ်ဓာတ်ကျစရာမလိုကြောင်းအားပေးသူ ပရိသတ်အား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ အောင်လအန်ဆန်နှင့်တွေ့ဆုံပွဲတွင် မြို့နယ်အတွင်းမှ တောင်သူများ၊ ဒေသခံပြည်သူ ၁ဝဝဝ ခန့် တက်ရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ကိုကျော်(သုံးခွ)


