မိုင်းပျဉ်း ၁၅ နိုဝင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ပိန်းဆန်းရပ်ကွက်၊ ဝမ်မိုင်ကျေးရွာ ခရစ်ယာန် ဘုရားကျောင်း၌ ငလျင်ဘေးနှင့် အခြားသဘာဝဘေးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ရာ မိုင်းပျဉ်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများက ငလျင်လှုပ်စဉ် ဆောင်ရွက်ရမည့် အချက်များ၊ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများ၊ ငလျင်လှုပ်ရခြင်း အကြောင်းအရင်းများနှင့် အခြားသဘာဝဘေးဆိုင်ရာ အကြောင်းအရာများကို ကျေးရွာနေပြည်သူများအား အသိပညာပေး ဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းကိုလည်း ဖြန့်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)


