ဟိုပန်    ၁၅    နိုဝင်ဘာ   

 

(ဝ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့က ပူးပေါင်းဆောင်ရွက်သော (၉၉)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်၊ ဓာတ်ပုံ၊ ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က အခြေခံပညာ အထက်တန်းကျောင်း စောမဟာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း ၊ အထက်တန်းပြ မြန်မာစာဆရာ ဦးအောင်ချစ်စု က အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးသိန်းအောင်က ကလေးအလုပ်သမား ပပျောက်ရေး၊ နိုင်ငံတကာ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သိမှတ်ဖွယ်ရာ အကြောင်း အရာများကို အသိပညာပေး ဟောပြောခဲ့သည်။

 

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ပြသထားသော အမျိုးသား အောင်ပွဲနေ့ ၊ ကလေးသူငယ်ဆိုင်ရာ အကြောင်းအရာ နံရံကပ်စာစောင်၊ ဓာတ်ပုံပြဘုတ်နှင့် စာအုပ် စာစောင်များကို ကျောင်းသား/သူများမှ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

စိုင်းဇော်ခမ်း(ပြန်/ဆက်)