စစ်ကိုင်း  ၁၅   နိုဝင်ဘာ

 

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ တင်းတိပ်(အ.မ.က)ကျောင်းနှင့် KID's Smile ကိုယ်ပိုင်ကျောင်းများသို့ နိုဝင်ဘာ ၁၅ ရက်၊ နံနက် ၁၀ နာရီမှစ၍ သုတ/ ရသ စာအုပ်များကို အခမဲ့ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။

 

" ကျောင်းအရောက် စာအုပ်တွေလာငှားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျောင်းက ကလေးတွေလည်း စာဖတ်ကြပါတယ် မကြာမကြာလည်း ခရိုင်ပြန်/ဆက်နဲ့ ပူးပေါင်းပြီး ကျောင်းက ကလေးတွေကို ပုံပြောပြိုင်ပွဲတွေ ဂိမ်းကစားနည်းပြိုင်ပွဲတွေ ကျင်းပပြုလုပ် ပေးလေ့ ရှိပါတယ် ကလေးတွေလည်းပျော်ရတယ် ဗဟုသုတတွေလည်းရရှိပါတယ်" ဟု ကိုယ်ပိုင် ကျောင်းမှ ကျောင်းအုပ် ဆရာမကြီးက ပြောပြပေးသည်။

 

ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒေါ်ဇူဇူအောင်ကလည်း ကျွန်မတို့ ဌာနရဲ့ ရွေ့လျားစာကြည့်တိုက်အနေဖြင့် အခြေခံပညာကျောင်းတွေ/ ဌာနဆိုင်ရာတွေ/ ရပ်ကွက် ပြည်သူတွေကို လမ်းကြောင်းပေါ်ကြည့်ပြီး ရနိုင်သလောက်ငှားရမ်းပေးပါတယ်" ဟု ပြောကြား ခဲ့သည်။

 

အဆိုပါ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်များငှားရမ်းမှုကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ စဉ်ဆက်မပြတ်ငှားရမ်းပေးပြီး တစ်နေရာလျှင် နှစ်ပတ်တစ်ကြိမ် စာအုပ် အသစ်များ ဖြင့်လဲလှယ် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။

 

ဇော်မြင့်နိုင်