နေပြည်တော် ၁၅  နိုဝင်ဘာ

မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား တရားမဝင် ငွေလွှဲလုပ်ငန်းများ လျော့နည်းပြီး တရားဝင် ငွေလွှဲလုပ်ငန်းများ ပေါ်ပေါက်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၂၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မ ၄၉၊ ပုဒ်မခွဲ (က) တို့အရ ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာစည်းမျဉ်းကို ယနေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ အမိန့်ကြော်ငြာစာ အမှတ် ၂၁/ ၂၀၁၉ ဖြင့် ထုတ်ပြန်လိုက်သည်။ စည်းမျဉ်းအပြည့်အစုံကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် website (www.cbm.gov.mm) တွင် ဖတ်ရှုလေ့လာနိုင်ကြောင်းသိရသည်။

(သတင်းစဉ်)