mdn

နေပြည်တော် ၁၅  နိုဝင်ဘာ

 

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် RFA သတင်းဌာနမှ အရှေ့တောင်အာရှဒေသ၏ ဦးဆောင်ညွှန်ကြားရေးမှူး Mr. Matthew  Pennington နှင့်အဖွဲ့အား ယနေ့နံနက် (၁၀)နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် လက်ရှိမြန်မာ့မီဒီယာကဏ္ဍတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ ခေတ်ရေစီးကြောင်းနှင့် နည်းပညာတိုးတက်လာမှုအရ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပြောင်းလဲလာသည့် မီဒီယာအခင်းအကျင်း၊ စာနယ်ဇင်းသမားများအနေဖြင့် သတင်းများ ရယူရေးသားရာတွင် ကျွမ်းကျင်မှုရှိရန်၊ ကျင့်ဝတ်လိုက်နာရန်၊ ဘက်လိုက်မှု မရှိရန်နှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရန် အရေးကြီးပုံ၊ ဒီမိုကရေစီ အသွင်ကူးပြောင်း နေသည့်ကာလတွင် မီဒီယာများ၏ အရေးပါမှု၊ သတင်းရပိုင်ခွင့်ဥပဒေ (Right  to  Information Law) ရေးဆွဲနေမှု၊ ရုပ်သံလွှင့်မီဒီယာ နည်းဥပဒေရေးဆွဲနေမှု အခြေ အနေများနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

(သတင်းစဉ်)

 

mdn