mdn

ရန်ကုန်   ၁၅  နိုဝင်ဘာ

 

ချက်သမ္မတနိုင်ငံ၏  အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ညပိုင်းတွင် ရန်ကုန်မြို့ အမျိုးသားပြတိုက်၌ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း တက်ရောက်သည်။

 

ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် ချက်သမ္မတနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ   သံအမတ်ကြီး  Mrs.Hana Mottlova နှင့် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းတို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

 

ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများအား သံအမတ်ကြီးက ညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

 

အဆိုပါ အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံး ယာယီ တာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

 

(သတင်းစဉ်)

mdn

 

mdn