mdn

ရန်ကုန် ၁၅  နိုဝင်ဘာ

 

ရန်ကုန်တက္ကသိုလ်၏ ရာပြည့်အခမ်းအနားအကြို အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ပိုင်းက ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ရန်ကုန်တက္ကသိုလ်ဌာန များမှ ပါမောက္ခဆရာဆရာမများ၊ ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းတို့က အမှာစကားပြောကြားသည်။

 

ထို့နောက် မအူပင်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ကျော်နှင့် ရန်ကုန် တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသောင်းထိုက်တို့က ရန်ကုန်တက္ကသိုလ်၏ ရာပြည့်သဘင်မတိုင်မီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Master Plan နှင့် ပတ်သက်သည့်အချက်အလက်များ၊ ရန်ကုန်တက္ကသိုလ် ပတ်လမ်း (Ring Road)နှင့် အဓိပတိလမ်းဝဲ/ယာ(Landscaping)ပြုပြင်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ လက်ရှိအခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် အစည်းအဝေးတက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြု ကြသည်။

 

(သတင်းစဉ်)