ပြင်ဦးလွင်  ၁၆   နိုဝင်ဘာ

 

ပြင်ဦးလွင်မြို့ရှိ ဒီဇင်ဘာခြံတွင် ပန်းအလှဆင်ပွဲတော်ကို ဒီဇင်ဘာလ ၁၈ ရက်မှ ဇန်နဝါရီလ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

 

ဒီဇင်ဘာအပန်းဖြေခြံသည် ပြင်ဦးလွင်မြို့အထွက် မန္တလေး-လားရှိုးလမ်းမပေါ်တွင် တည်ရှိသည်။

 

"လာရောက်တဲ့ဧည့်သည်တွေ စိတ်ချမ်းသာစေဖို့၊ နောက်ပြီး ဒီဇင်ဘာလအမှတ်တရ အနေနဲ့ ပြုလုပ်တာဖြစ်ပါတယ်။ အခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေဖို့၊ အပမ်းဖြေစရာနေရာတွေ ရွေးချယ်နိုင်စေဖို့ ဒီဇင်ဘာခြံဖွင့်ပွဲနဲ့ ပန်းအလှဆင်ပွဲတော်ကို ကျင်းပတာဖြစ်ပါတယ်"ဟု ဒီဇင်ဘာခြံ တည်ထောင်သူ ဦးစံလှကပြောသည်။

 

ပန်းအလှဆင်ပွဲတော်တွင် ပန်းအစစ်များဖြင့် ပန်းရေတံခွန်၊ ပန်းတံတား၊ ပန်းတံတိုင်း စသဖြင့် ပုံဖော်သွားမည်ဖြစ်​ပြီး အပင်ရေ လေးသိန်းခန့်ဖြင့် ပုံဖော်မည်ဖြစ်ကြောင်း သိရသည်။

 

ခြံအကျယ်အဝန်းမှာ ၁၃၈ ဧကရှိပြီး ရေတံခွန်၊ စမ်းချောင်းတွင်လှေစီးနိုင်ခြင်းများ ပြုလုပ်နိုင်ကြောင်း သိရသည်။

 

ဒီဇင်ဘာအပန်းဖြေ ဥယျာဉ်ဝင်ကြေးမှာ လူတစ်ဦးကို ၁၀ဝ၀ ကျပ်ဖြစ်ကြောင်း သိရသည်။

 

ဝိုင်