ကျိုက်လတ်   ၁၆   နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော် (ကျိုက်လတ်) စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် နိုဝင်ဘာ ၁၆ ရက်၊ နံနက်ပိုင်းက ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

 

ကလေးစာပေပွဲတော်(ကျိုက်လတ်)ကို နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်နေ့အထိ ၊ နေ့စဉ် နံနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ အစိုးရ စက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)တွင် နှစ်ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ကလေးစာပေပွဲတော်တွင် ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြော၊ စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲ၊ စက္ကူခေါက်၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက်ကစားနည်းများ၊ ဂိမ်းကစားနည်းများ၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ အသိပညာပေးပြခန်းများ၊ ကလေးစာဖတ်ခန်းနှင့် စာအုပ်အရောင်းဆိုင်များ ပါဝင်ပြီး ကလေးစာပေပွဲတော်(ကျိုက်လတ်)သို့ မည်သူမဆို လာရောက်ပါဝင် ဆင်နွှဲနိုင်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

MDN