ဓနုဖြူ    ၁၆     နိုဝင်ဘာ         

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ဓနုဖြူမြို့ကလေးစာပေပွဲတော်ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ထိ ကျင်းပပြုလုပ်ရာ ကလေးစာပေပွဲတော် ဒုတိယနေ့တွင် ထုပ်ဆီးထိုး အားကစားပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ဓနုဖြူမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

x

 

ထုပ်ဆီးတိုးပြိုင်ပွဲကို ဓနုဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၉) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအဖွဲ့လိုက် ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသော အဖွဲ့တို့ကို တာဝန်ရှိသူများက ဆုများကို ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

အဆိုပါ ထုပ်ဆီးတိုးအားကစားပြိုင်ပွဲကို ဓနုဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် လာရောက် အားပေးကြသူများဖြင့် အလွန်စည်ကားလျှက်ရှိကြောင်း သိရသည်။                                                                                                            

ဝဠာနိုင်  (ညောင်တုန်း)၊ ထက်ဝေဖြိုး (ဓနုဖြူ)