ဓနုဖြူ ၁၆ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ပံ့ပိုးမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ဓနုဖြူမြို့ ကလေးစာပေပွဲတော်ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ထိ ကျင်းပပြုလုပ်ရာ ယနေ့ ကလေးစာပေပွဲတော် ဒုတိယနေ့တွင် Team Building Game ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဓနုဖြူမြို့ ကလေးစာပေပွဲတော် ဒုတိယနေ့ Team Building Game ပြိုင်ပွဲတွင် ဘောလုံးနောက်ပစ်၊ ခြေနင်း၊ ပူစီပေါင်းဖောက်၊ ခါးလှည့်ကစားနည်းများ ပါဝင်ကြသည်။ ယင်းကစားနည်းပြိုင်ပွဲများကို ဓနုဖြူမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အနိုင်ရရှိသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုပစ္စည်းလက်ဆောင်များကို ပေးအပ်ချီးမြှင့် ခဲ့ကြသည်။
အဆိုပါ Team Building Game ပြိုင်ပွဲကို ပျော်ရွှင်စွာ လာရောက်ကစားကြသော ကျောင်းသား၊ ကျောင်းသူများဖြင့် အထူးစည်ကားလျှက်ရှိကြောင်း သိရသည်။
ဝဠာနိုင် (ညောင်တုန်း)၊ အောင်ခိုင် (မအူပင်)


