တပ်ကုန်း ၁၆ နိုဝင်ဘာ      

 

နေပြည်တော် တပ်ကုန်းမြို့နယ်  ဆိုင်ကယ်စီးနင်းပြည်သူများအားလုံးအတွက် ထိခိုက်မှု နည်းပါးစေရန်၊ လုံခြုံစိတ်ချမှုရှိစေရန်နှင့် ဘေးကင်းရှင်းစေရန် ရည်ရွယ်၍ အမှတ်(၈) ယာဉ်ထိန်းတပ်ဖွဲ့ စုမှူးရုံးနှင့် MYTEL ကုမ္ပဏီတို့ ပူးပေါင်းကာ ဆိုင်ကယ်ဦးထုပ်များ(အခမဲ့) ဖြန့်ဝေခြင်းကို  နိုဝင်ဘာ ၁၆ ရက်နံနက် ၁၀ နာရီက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့၊ ပိတောက်လမ်းတွင် ဖြန့်ဝေသည်။

 

အဆိုပါအဖွဲ့တွင် အမှတ်(၈)ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ်ဇင်အောင်လင်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ၊ MYTEL ကုမ္ပဏီမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများပါဝင်ပြီး၊ ဆိုင်ကယ်စီးနင်းလာသူများ အား ရပ်တန့်တန်စီး၍ ဆိုင်ကယ်စီး ဦးထုပ်မေးသိုင်းကြိုးများ ကိုယ်တိုင်ကိုယ်ကြတပ်ဆင်ပေးပြီး  ဦးထုပ်(၁၅၀)အား  အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

တင်စိုးလွင်