နေပြည်တော် ၁၆ နိုဝင်ဘာ
မိုင်းကိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၅၁၄) ခြေမြန်တပ်ရင်းမှ တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၅ ရက်က မိုင်းကိုင်မြို့နယ် ခေးအုံဝေ့ကျေးရွာမြောက်ဘက် ၄ ဖာလုံခန့်အကွာ၌ အမြင့် ၄ လက်မခန့်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁ ဧကနှင့် ၎င်းကျေးရွာ၏ အနောက်ဘက် ၄ ဖာလုံခန့်အကွာ၌ အမြင့် ၆ လက်မခန့်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁ ဧကတို့အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ရဲပြန်ကြား


