နေပြည်တော် ၁၆ နိုဝင်ဘာ

 

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်အဖွဲ့သည် ထိုင်းနိုင်ငံတွင် ကျင်းပမည့် အာဆီယံကာကွယ်ရေးဝန်ကြီးများ သီးသန့် အစည်းအဝေး (ASEAN Defence Ministers' Meeting Retreat - ADMM Retreat)၊ (၆)ကြိမ်မြောက် အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (6th ASEAN Defence Ministers' Meeting- Plus-6th ADMM-Plus) များနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ယနေ့ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

 

သတင်းစဉ်