mdn

ရွှေဘို ၁၆ နိုဝင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင်  ၂၃၀ ကေဗွီ နဘား ရွှေဘို အုန်းတော ဓာတ်အားလိုင်းနှင့် ရွှေဘိုပင်မဓာတ်အားခွဲရုံ တည်ဆောက်ခြင်း စီမံကိန်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ကြီးကြပ်၍ တရုတ်နိုင်ငံ CCPG ကုမ္ပဏီမှ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ turn key စနစ်ဖြင့် စတင်တည်ဆောက်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလတွင် ပြီးစီးခဲ့ရာ နိုဝင်ဘာ ၁၄ ရက်တွင် ရွှေဘိုခရိုင်အတွင်း လျှပ်စစ်ဓာတ်အား စတင်စမ်းသပ် ဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်း စီမံကိန်းမန်နေဂျာ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းအောင်ထံမှ သိရသည်။

 

လျှပ်စစ်ဓာတ်အား စတင်စမ်းသပ်ဖြန့်ဖြူးခြင်းနှင့် ပတ်သက်၍ ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ မြတောင်ရပ်နေ ဦးညီညီကျော်က အရင်ကမီးအဝင်ဗို့အား အရမ်းနည်းလို့ မီးသုံးစွဲရတာ အဆင်မပြေခဲ့ကြောင်း၊ အခု အဲဒီဒုက္ခ အေးငြိမ်းသွားပြီဖြစ်ကြောင်းပြည့်ဝတဲ့ လျှပ်စစ်ဗို့အားကြောင့် ဒေသခံပြည်သူအားလုံး ပျော်ရွှင်နေကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါ ရွှေဘိုပင်မဓာတ်အားခွဲရုံ တည်ဆောက်သည့် စီမံကိန်းပြီးစီးခြင်း အထိမ်းအမှတ်အနေဖြင့် တရုတ်ရုပ်ရှင်ဇာတ်ကား (၂)ကားကို ရွှေဘိုမြို့ TWS ကိုယ်ပိုင်အထက်တန်းကျောင်းတွင် နိုဝင်ဘာပထမပတ်က နှစ်ရက်တိုင်တိုင် ပြသပေးခဲ့​ရာ ဒေသခံပြည်သူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

မိုးသောက်(ရွှေဘို)

 

mdn