နတ်မောက် ၁၇ နိုဝင်ဘာ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် တိုင်းရင်းဆေးကုဦးစီးဌာနက မြို့မစည်ပင်သာယာစျေးအတွင်းရှိ တိုင်းရင်းဆေးဝါးများအား စစ်တမ်းကောက်ယူမှုကို နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၂ နာရီက အဆိုပါစျေးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

4242

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်တိုင်းရင်းဆေးကုဦးစီးဌာန လက်ထောက်တိုင်းရင်းဆေးမှူးနှင့် ဌာနဆိုင်ရာများက လိုက်ပါ၍ စျေးအတွင်းရှိ တိုင်းရင်းဆေး အရောင်းဆိုင်များအား စစ်ဆေးပြီး သုံးစွဲရန်မသင့် တိုင်းရင်းဆေးဝါးများနှင့် ထုတ်လုပ်/ဖြန့်ချိမှု ဖော်ပြထားခြင်းမရှိသော ဆေးများကို သိမ်းဆည်းကာ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း၊ အဆိုပါဆေးများအား ရောင်းချမှုမပြုရန် မြို့နယ်တိုင်းရင်းဆေးကုဦးစီးဌာန လက်ထောက်တိုင်းရင်းဆေးမှူးက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

လှဝင်း(နတ်မောက်)

 

4323