ပခုက္ကူ ၁၇ နိုဝင်ဘာ
စားသုံးသူ ဥပဒေအကြောင်းနှင့် ငွေကြေးဝန်ဆောင်မှုအကြောင်း ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ပခုက္ကူခရိုင် စားသုံးသူရေးရာ ဦးစီးဌာနရုံးတွင် ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပခုက္ကူမြို့ပေါ်ရှိ ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူး ဦးဝေဠုအောင်က စားသုံးသူဥပဒေ အကြောင်းအရာများကို လည်းကောင်း၊ ဒုတိယခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုးက ဝန်ဆောင်မှုဆိုင်ရာ အကြောင်းအရာများနှင့် ငွေကြေးဝန်ဆောင်မှု အကြောင်းကို လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသူများနှင့် အပြန်အလှန် ဆွေးနွေးကြပြီး လေ့လာရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုဇော်(ဓာတု)
Related Articles


