စစ်တွေ  ၁၇   နိုဝင်ဘာ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine  Schraner Burgener တို့ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေ ၄ နာရီ မိနစ် ၂၀ တွင် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြသည်။

 

အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းနှင့်  တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

သတင်း-ဇော်ကြီး

ဓာတ်ပုံ-ဇင်ဦး(မြန်မာ့အလင်း)

 

 DSC_12