ရမည်းသင်း  ၁၈   နိုဝင်ဘာ

 

(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မူလတန်းအဆင့်ပန်းချီပြိုင်ပွဲကို နိုဝင်ဘာလ (၁၈)ရက်နေ့ နံနက်ပိုင်းတွင်  ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Cpmmunity Centre ခန်းမ၌ ကျင်းပခဲ့သည်။

 

အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် မူလတန်းအဆင့်ပန်းချီပြိုင်ပွဲသို့ ရမည်းသင်းမြို့နယ် အတွင်းရှိ အစိုးရကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၄၀ ပါဝင်ယှဉ်ပြိုင်ခဲ့ သည်။

 

အဆိုပါ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား အမျိုးသားအောင်ပွဲနေ့ အခမ်းအနား တွင် ဆုများချီးမြှင့်မည်ဖြစ်ကြောင်းသိရှိရသည်။

           

 

နေလင်းအောင်(ပြန်/ဆက်)