ရန်ကုန် ၁၈ နိုဝင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ရတနာ သိင်္ဃခန်းမတွင် အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ် (၁၀၇)(၁၀၈)(၁၀၉)နှင့် စာရေးဝန်ထမ်းအခြေခံသင်တန်း အမှတ်စဉ် (၁၈၇)(၁၈၈)(၁၈၉)(၁၉၀) တို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၈ နာရီ အချိန်၌ ကျင်းပပြုလုပ်ရာ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် (ကိုယ်စား) ဒုတိယပါမောက္ခချုပ် (စီမံခန့်ခွဲရေး) ဦးဇော်မိုးဝင်း တက်ရောက်၍ သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

ယင်းသင်တန်းဖွင့်ပွဲသို့ ဌာနကြီးမှူး/ပါမောက္ခ(ပညာဌာနမှူး)များ၊ ဌာနမှူး/တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ သတင်မှူးများ၊ ဌာနခွဲမှူးများ၊ လက်ထောက်ကထိကများ၊ နည်းပြများ၊ ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယဦးစီးမှူးအဆင့်ရှိ အရာထမ်းငယ် သင်တန်းသား(၁၅၉)ဦး၊ သင်တန်းသူ(၂၀၉)ဦးနှင့် စာရေးအဆင့်ရှိ သင်တန်းသား(၂၄၉)ဦး၊ သင်တန်းသူ(၃၂၁)ဦး စုစုပေါင်း (၉၃၈) ဦးတက်ရောက်ကြောင်းနှင့် သင်တန်ကာလမှာ ရက်သတ္တပတ်(၄)ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)