ဝေါလေမြိုင် ၁၈  နိုဝင်ဘာ

 

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ကလေး စာဖတ်ခန်းတွင် (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စိတ်ကြိုက် ပန်းချီပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်၁၀ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

 

၁

 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နှင်းဝေဦးက အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကျဉ်းအားပြောကြားသည်။

 

ပြိုင်ပွဲတွင် အ.မ.က(ဝေါလေ)ကျောင်းမှ ကျောင်းသား/ကျောင်းသူ(၂၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုရရှိသော သူများအား မြို့ဦးစီးမှူး ဒေါ်နှင်းဝေဦးက ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

နိုင်မျိုးသင်း(ပြန်/ဆက်)