မြို့သစ် ၁၈  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့သစ်မြို့၊ သနန်ကျန်းမာ‌ရေးဌာနမှ ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်း ထိုးနှံခြင်း လုပ်ငန်းကို နိုဝင်ဘာလ ၂၆ နှင့် ၂၇ ရက်နေ့တွင် သနန်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးခြင်းတွင်   နိုဝင်ဘာလ ၂၆ ရက်နေ့၌ မြို့သစ်မြို့နှင့်သနန်၊ဖိုင်လင်း၊ အောင်ဇေယျ၊ ဗန္ဓုလ၊တုံးကျော်ကျေးရွာ၌၄င်း၊နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ယာနိုး၊ ဖိုင်ရန်၊ မန်တော်၊စေတီ၊ ရွာသာ၊မွေလင်းကျေးရွာ၌၄င်း အသက် (၉)လမှ (၅) နှစ်ခွဲအရွယ် ကလေးများအား ဝက်သက်-ဂျိုက်သိုးကာကွယ်‌ဆေး အပိုဆောင်းထိုးနှံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်  သနန်ကျန်းမာရေး ဌာနအနေဖြင့် ခန့်မှန်းကလေးဦးရေ ၉၂၇ ဦးကို ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးမှူး ဦးမျိုးလွင်ထံမှ သိရသည်။

 

ထွန်းမင်းအောင်(ကဘော်မြေ)