ကျိုက်မရော နိုဝင်ဘာ ၁၈
စာဖတ်ရှိန် မြှင့်တင်ရေးနှင့် လူတိုင်းစာဖတ်နိုင်သည့် အခွင့်အရေးများရ ရှိနိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြိုနယ်အတွင်းရှိ ဌာနဆိုငိရာ ရုံးများသို့ ယနေ့နံနက် ၁၀နာရီက ရွေ့လျားဆိုင်ကယ်များဖြင့် စာအုပ်စာစောင်များ သယ်ဆောင် ကာ မိုဘိုင်း စာငှားလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မိုဘိုင်းစာငှားများ သွားရောက်ငှားရမ်းရာတွင် စာဖတ်သူအကြိုက်တွေ့စေမည့် စာအုပ်များ၊ အပတ်စဉ်ထုတ်ဂျာနယ် အသစ်များ၊ လစဉ်ထုတ်မဂ္ဂ ဇင်းစာအုပ်မျိုးစုံနှင့် ရုပ်ပြကာတွန်း စာအုပ်များကို ရုံးဖွင့်ရက် တနလာ်နှင့် သောကြာနေ့များတွင် တစ်ပတ်လျှင် ၂ ကြိမ် မပျက်မကွက် သွားရောက် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ချို မြတ်မြတ်ထွေး ( ကျိုက် မရော )


