ပခုက္ကူ    ၁၈  နိုဝင်ဘာ 

စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ အမှတ်(၄)စက်မှုသင်တန်းကျောင်း(ပခုက္ကူ)၌ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စက်မှုနိုင်ငံတော် တည်ထောင်နိုင်ရေးအတွက် စက်မှုဆိုင်ရာနည်းပညာ၊ အတတ်ပညာများကို အစဉ်တစိုက်ဖြန့်ဖြူးပေးရေးတို့ကို ရည်ရွယ်၍ အမှတ်(၁၀)သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၁၈ ရက် နံနက် ၉နာရီက ကျင်းပသည်။

 

21953

 

ရှေးဦီးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေက အမှာစကား ပြောကြားသည်။ ထို့နောက် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦီးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူး ဦးဖြိုးမြင့်ဆွေက အတတ်ပညာရပ်တစ်ခု တတ်မြောက်ရေးသည် မိမိလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိဉာဏ်မြင့်မားပြီး ကိုယ်ပိုင်ဝေဖန်ပိုင်းခြားနိုင်တဲ့ ပညာတတ်မျိုးဆက်သစ်အဖြစ်ရပ် တည်နိုင်ရန်၊ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုကဏ္ဍတိုးတက်ရေးသည်အရေးကြီးကြောင်း၊ ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ၏ လုပ်ငန်းရပ်တစ်ခုဖြစ်သည့် စက်မှုပညာရပ်များကို ကျွမ်းကျင်တတ်မြောက်ထားမှသာ နိုင်ငံတော်၏စက်မှုလုပ်ငန်းရပ်များဖြစ်သည့် အသေးစား၊အလတ်စားစက်မှုလုပ်ငန်းများအခြေခံပြီး ကိုယ်ပိုင်နည်း ပညာများဖြင့် ပြည်တွင်းထုတ်ကုန်များကို ထုတ်လုပ်ဖြန့်ဖြူးနိုင်တဲ့အကြီးစားစက်မှုလုပ်ငန်းများ အသွင်ပြောင်းလဲ လာမည်ဖြစ်ကြောင်း စသည့်သင်တန်း၏ရည်ရွယ်ချက်များ၊ သင်တန်း၏စည်းမျဥ်းစည်းကမ်းများ၊ ဝန်ကြီးဌာန၏ လုပ်ငန်းစဥ်များအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား (၁၃၂) ဦး၊ သင်တန်းသူ (၃၈) ဦး၊ စုစုပေါင်း ၁၈၀ တို့ကို ၂၀၁၉၊ နိုဝင် ဘာလ (၁၈) ရက်မှ ၂၀၂၀၊ အောက်တိုဘာလ (၉) ရက်အထိ သင်တန်းကာလ(၁)နှစ်တွင် အိန္ဒိယနိုင်ငံ H.M.T (International) Co. Ltd. မှပေးပို့သောနိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရ Central Tools Room & Training Center (CTTC) ၏သင်ရိုးညွှန်းတမ်းများကိုအခြေခံထားသည့် စက်မှုပညာရပ်နှင့်ပတ်သက်သည့် ဘာသာရပ် (၁၂)မျိုးကို အိန္ဒိယနိုင်ငံတွင် စက်မှုဆရာဖြစ်သင်တန်းတက်ရောက်ခဲ့သည့် နည်းပြများက စာတွေ့၊ လက်တွေ့ စနစ်တကျသင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ပုဂ္ဂလိကစက်မှုလုပ်ငန်းများတွင် ဝင်ရောက် လုပ် ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။

ဆလိုင်းကိုကီး