ဝက်လက် ၁၈ နိုဝင်ဘာ

 

မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့ရှိ မဟာစိုက်ပျိုးရေး အသေးစား ငွေချေးဘဏ်(ခွဲ)ရုံးတွင် ပြုလုပ်ခဲ့သည်။

 

ဟောပြောပွဲတွင် မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းတို့ကို ဝက်လက်မြို့ မီးသတ်ဦးစီးဌာမှ မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြ ဆောင်ရွက်ခဲ့သည်။

 

ဟောပြောပွဲသို့ ဝက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေး မှူး ဦးရဲလင်းဦးနှင့် မီးသတ်ဖွဲ့ ဝင်များ၊ မဟာစိုက်ပျိုးရေး အသေးစားချေးငွေလုပ်ငန်း ဝက်လက်ဘဏ် (ခွဲ)မှ ဝန်ထမ်းများ စုစုပေါင်း ၃၅ ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။

 

စိုးစိုးလှိုင် (ဝက်လက်)