နေပြည်တော် ၁၈  နိုဝင်ဘာ

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ် တော်ချုပ် တရားသူကြီးများအားလုံး ပါဝင်သော စုံညီခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမ အထူးအယူခံမှု(၁၀)မှု၊ ရာဇဝတ်အထွေထွေလျှောက်ထားမှု (စာချွန်တော်)(၁)မှုနှင့် တရားမ အထွေထွေလျှောက်ထားမှု (စာချွန်တော်)(၄)မှုကို စီရင်ချက်ချမှတ်သည်။

ထို့ပြင် ရာဇဝတ်အထူးအယူခံမှု (၄)မှုနှင့် တရားမအထူးအယူခံမှု (၁)မှုတို့ကို ရုံးထိုင် ကြားနာခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)