သရက် ၁၈  နိုဝင်ဘာ

 

သရက်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်  ခရိုင်စီမံ ခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော်ပိတ်ပွဲနှင့်အတူ ပြိုင်ပွဲများတွင် ဆုရ   ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ခြင်း၊ အဖက်ဖက်မှပူးပေါင်းပါဝင်ကူညီသည့် စေတနာရှင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းကို ယမန်နေ့ညနေပိုင်း သရက်မြို့၊အထက(၁)ရှိ စိန်ရတုခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ရွှေဘုံသာ အခြေခံပညာမူလတန်းကျောင်းမှ   ကျောင်းသား ကျောင်းသူလေးများက ကလေးစာပေပွဲတော် Theme Song ဖြင့်  ဖျော်ဖြေတင်ဆက်ပြီး၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ  ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်က ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက် ပေးသူများအား ကျေးဇူးတင်စကားပြောကြားသည်။

 

ထို့နောက် ကလေးစာပေပွဲတော်တွင် ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ် ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ စသည့်ပြိုင်ပွဲများတွင် ဆုရကျောင်းသား ကျောင်းသူများ၊ စာရေးဆရာကြီးများနှင့် အဖက်ဖက်မှ ပူးပေါင်းပါဝင်ကူညီသည့် စေတနာရှင် အလှူရှင်များအား ဆုများ၊ ဂုဏ်ပြုမှတ်တမ်း လွှာများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

သိန်းလွင်(ပြန်/ဆက်)