ရန်ကုန် ၁၈  နိုဝင်ဘာ

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သန်လျင်မြို့နယ်တွင် ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်း၏ ပံ့ပိုးမှုဖြင့် လူငယ်မှတဆင့် အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲမှုများ YABC အသိပညာဖြန့်ဝေခြင်းသင်တန်း ဖွင့်ပွဲကို နိုဝင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီက ဘုရားကုန်းကျေးရွာ ကြာကန်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် သန်လျင်မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးဆန်းလင်းနိုင် က လူငယ်မှတဆင့် အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲမှုများ YABC အသိပညာဖြန့်ဝေခြင်းသင်တန်း ဖွင့်လှစ်ရခြင်းအား ရှင်းလင်းပြောကြားသည်။

 

အဆိုပါ သင်တန်းသို့ သန်လျင်မြို့နယ်နှင့် ခရမ်းမြို့နယ်များမှ လူငယ် သင်တန်းသား၊ သင်တန်းသူ ၂၄ ဦးတက်ရောက်ကာ နိုဝင်ဘာ ၁၈ ရက်မှ ၂၃ ရက်နေ့အထိ လူငယ်မှတဆင့် ငြိမ်းချမ်းရေးကိုဦးတည်သည့် ပြောင်းလဲခြင်းလှုပ်ရှားမှုများကို လူထုအတွင်း အသိပညာဖြန့်ဝေခြင်းကို စာတွေ့ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

သက်ခိုင် (သန်လျင်)