ကျိုက်လတ် ၁၈ နိုဝင်ဘာ
ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပသော ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(ကျိုက်လတ်)ကျောင်း မုခ်ဦးရှေ့၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့် ကျိုက်လတ်မြို့နယ် လူရည်ချွန် မောင်ကျော်ဇေယျတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးသည်။
ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်ကို အစိုးရစက်မှုလက်မှုသိပွံကျောင်း စုဝေးခန်းမ၌ကျင်းပရာ အ.ထ.က(၁) ကျိုက်လတ် ကျောင်းသား/သူလေးများမှ ကလေးစာပေပွဲတော်သီချင်း(Theme Song) သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဝန်ကြီးချုပ်ဦးလှမိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသား/သူများမှ ဖျော်ဖြေရေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြရာ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့သည်။ ထို့နောက် ကလေးစာပေပြပွဲ ပြခန်းများနှင့် စာအုပ်ဈေးရောင်းပွဲတော်အား လှည့်လည် ကြည့်ရှုခဲ့ရာတွင် ထူးချွန်ထင်ရှားဧရာဝတီတိုင်းသာများ ပြခန်း၌ ကြည့်ရှုနေသောကလေးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဧရာဝတီတိုင်းအတွင်းမှပေါ်ထွန်းခဲ့သော ထူးချွန်ထင်ရှားသူများ အကြောင်း ပြောကြား၍ ၎င်းတို့အား အားကျအတုယူပြီး အနာဂတ်တွင် ထူးချွန်သူများ ဖြစ်လာအောင် ကလေးများအား စိတ်ဓာတ်မြှင့်တင် အားပေးစကား ပြောကြားခဲ့သည်။ အဆိုပါ ကလေးစာပေပွဲတော်အား နိဝင်ဘာ ၁၉ရက်နေ့အထိကျင်းပမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ကျွန်တော်တို့ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် (၂၆)မြို့နယ်တွင် ကလေးစာပေပွဲတော်များ ကျင်းပခဲ့ရာ ချောင်းသာ၊ဇလွန်၊ အိမ်မဲ၊ ဓနုဖြူ မြို့နယ်(၄)မြို့နယ်မှာ အောင်မြင်စွာကျင်းပ နိုင်ခဲ့ကြောင်း သိရသည်။
ဝင်းမြင့်အောင်၊မိုးစက်၊ နန်းထိုက်၊ အောင်ဝင်းနိုင်
ဓာတ်ပုံ------ခရိုင်(ပြန်/ဆက်)


