ကောလင်း ၁၈ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ၊ကောလင်းမြို့နယ်၌ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှုနည်း ပညာသင်တန်း အမှတ်စဉ် (၂/၂၀၁၉-၂၀၂၀) ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၈ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် ကောလင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးတွင် ကျင်းပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်းနှင့် ဦးတင်စိုးတို့က အဖွင့်အမှာစကားပြောကြားပြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ညွှန်ကြားရေးမှူး ဦးလင်းထွဋ်မိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
၎င်းနောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးဇော်ဝင်းက သင်တန်းသား သင်တန်းသူများအား သင်ကြားပေး သောနည်းစနစ်များ လက်တွေ့အသုံးချနိုင်အောင် သင်ယူကြပါရန်နှင့် သင်တန်းဖွင့်လှစ်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြောကြားသည်။ တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် ကိတ်မုန့်ဖုတ်နည်းများနှင့် သောက်ကုန်းထုတ်ပိုးမှုနည်းစနစ်များကို ၁၃ ရက်ကြာ ဖွင့်လှစ် သင်ကြားပေး သွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၃၀ တက်ရောက်လျက်ရှိကြောင်း သိရသည်။
မြင့်ထွန်းမင်း(ပြန်/ဆက်)


