ရန်ကုန်  ၁၈   နိုဝင်ဘာ 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ပြုလုပ်သည့် ၂၀၁၈ ခုနှစ် အတွက် အမျိုးသာစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ၊ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပနိုင်ရန်အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

 

a

 

အစည်းအဝေးသို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။

 

a

 

အစည်းအဝေးတွင် ၂၀၁၈ ခုနှစ်အတွက် အမျိုးသာစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများအတွက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပရေး၊ ဧည့်သည်တော်များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံရေး၊ အခမ်းအနားပြင်ဆင်ရေးနှင့် ဆုချီးမြှင့်ရေး၊ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးရေးဆိုင်ရာများ ဆွေးနွေးကြသည်။

 

 

a

၂၀၁၈ ခုနှစ်အတွက် အမျိုးသာစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများအတွက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် နတ်တော်လဆန်း(၁)ရက်နေ့တွင် ကျရောက်မည့် စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၂၇ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ Sule Changri-la ဟိုတယ်၌ ကျင်းပမည်ဖြစ်ပြီး  အမျိုးသားစာပေတစ်သက်တာဆု (၂)ဆု၊ အမျိုး သားစာပေဆု (၁၀)ဆု၊ စာပေဗိမာန်စာမူဆု(၂၄)ဆုတို့ကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

a

 

(သတင်းစဉ်)