မော်လမြိုင်ကျွန်း ၁၉ နိုဝင်ဘာ
ကလေးစာပေပွဲတော် (မော်လမြိုင်ကျွန်း) စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရာတွင် ပြပွဲပြိုင်ပွဲများ ကျင်းပမည့် နေရာများအား ပြင်ဆင်ခြင်း၊ 3D အလှဓာတ်ပုံရိုက်မည့် ဗီနိုင်းများ စိုက်ထူခြင်း၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ဓာတ်ပုံပြခန်း ပြင်ဆင်ခြင်းနှင့် ကျောင်းသား လူငယ်များ အသိပညာတိုးစေမည့် ပြခန်းများကို ဆောင်ရွက်လျက်ရှိသလို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှလည်း Unicode စနစ် အခမဲ့ ပြောင်းလဲပေးခြင်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
အဆိုပါ ကလေးစာပေပွဲတော် (မော်လမြိုင်ကျွန်း)ကို အထက(၁) ကျောင်း၌ နိုဝင်ဘာ ၂၀ ရက်မှ ၂၁ ရက်နေ့အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး စာအုပ်စာပေပြပွဲနှင့် စာအုပ် ဈေးရောင်းပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မော်လမြိုင်ကျွန်း(ပြန်/ဆက်)


