ဒလ       ၂၀      နိုဝင်ဘာ

 

ဒလမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀နာရီက (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်ပြပွဲကို အမက(၇)ကျောင်းမှကျောင်းသား ကျောင်းသူများဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။

 

ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မေရီစိုးက အမျိုးသား အောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား အကျယ်တဝင့် ရှင်းပြခဲ့ရာ ကျောင်းသား၊ ကျောင်းသူ များက စိတ်ပါ ဝင်စားစွာ နားထောင်ခဲ့ကြသည်။

 

ဆက်လက်၍ ကျောင်းသား ကျောင်းသူများအား စာပေကိုချစ်မြတ်နိုး တန်ဖိုးထားတတ်စေရန်နှင့် စာကြည့်တိုက်များအား အသုံးချတတ်စေရန်ရည်ရွယ်ချက်ဖြင့် စာအုပ်စာစောင်များကို ခင်းကျင်း ပြသခဲ့ပြီး စာပေနှင့် ပတ်သက်သည့် ဆိုးရိုးစကားပုံများဖြင့် စကားပုံဆက် ပြိုင်ပွဲကျင်းပပေးရာ ကျောင်းသား/ ကျောင်းသူ (၄၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

 

မေရီစိုး(ပြန်/ဆက်)