ဘုတလင်  ၂၀    နိုဝင်ဘာ  

 

၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် JICA ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်မည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ရှိ လက်ပံ−ဝန့်တုံ−မောင်းထောင်လမ်းအား ကျေးလက်ကျောက်ချောလမ်း ဖောက်လုပ်နိုင်ရေးအတွက် နိုဝင်ဘာလ (၁၉)ရက်နှင့် (၂၀)ရက်တို့တွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူ များက ကွင်းဆင်းတိုင်းတာစစ်ဆေးခဲ့ကြသည်။

 

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)၊ ဒီဇိုင်းနှင့် ပုံထုတ် ဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေလွင်၊ ဘုတလင်မြို့နယ်ဦးစီးမှူး ဒေါ်သဇင်အောင် နှင့် တာဝန်ရှိသူများက လက်ပံ−ဝန့်တုံ−မောင်းထောင်လမ်း၏ သတ်မှတ်လမ်းအရှည်နှင့် လမ်းအကျယ်ပေ အခြေအနေတို့ကို တိုင်းတာကြပြီး မြေသိပ်သည်းမှုအခြေအနေကို စစ်ဆေး ခဲ့ကြသည်။

 

အဆိုပါ လက်ပံ−ဝန့်တုံ−မောင်းထောင် ကျေးလက်ကျောက်ချောလမ်းသည် (၉ ဒဿမ ၅၆)မိုင် ရှိပြီး JICA ၏ စိုက်ပျိုးရေးဆိုင်ရာ ဝင်ငွေတိုးတက်ရေး စီမံကိန်း(Agriculture Income Improvement Project-AIIP) ရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)