မိုင်းပန် ၂၀ နိုဝင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်းတွင် မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးကျင်းပသည့် U-16 ကျောင်းသားအားကစားပွဲတော်ကို နိုဝင်ဘာ ၁၇ ရက်မှ ၂ဝ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။
U-16 ကျောင်းသားအားကစားပွဲတော်သို့ မိုင်းပန်မြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်း များမှ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် နှင့် မူလတန်းအဆင့် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ ( ၂၂၅ ) ဦးက သတ်မှတ်ထားသော အားကစားနည်းများအလိုက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
အားကစားနည်းများ အနေဖြင့် ဘောလုံး(ကျား၊မ) ၊ ဘော်လီဘော(ကျား၊မ)၊ ပြေးခုန်ပစ်(ကျား၊မ)၊ ပိုက်ကျော်ခြင်း (ကျား) စသည့် အားကစားနည်းများ ဖြစ်ကြပြီး မြို့နယ်အဆင့်ပြိုင်ပွဲတွင် ရွေးချယ်ခံရသည့် ကျောင်းသားကျောင်းသူများ အနေဖြင့် ခရိုင်အဆင့် ကျောင်းသား အားကစား ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရ မည်ဖြစ်ကြောင်း သိရသည်။
ကိုဆန်း(မိုင်းပန်)


