လွိုင်လင်  ၂၀   နိုဝင်ဘာ   

  

၂၀၁၉ ခုနှစ်၊ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်း ၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွင်ကျင်းပကြောင်းသိရသည်။

 

03

 

အထက်တန်းဆင့် ကဗျာနှင့်စာစီစာကုံးပြိုင်ပွဲကို အမျိုးသားနေ့နှင့် လူငယ်တာဝန် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းဆင့် ကဗျာနှင့်စာစီစာကုံးပြိုင်ပွဲကို အမျိုးသားနေ့တို့မမေ့ ခေါင်းစဉ် ဖြင့် လည်းကောင်း၊ မူလတန်းဆင့် ကဗျာပြိုင်ပွဲတွင် အမျိုးသားနေ့တို့မမေ့၊ စာစီစာကုံး ပြိုင်ပွဲတွင် အမျိုးသား အောင်ပွဲ တို့ဆင်နွှဲ ခေါင်းစဉ်များဖြင့် ကျင်းပရာ လွိုင်လင် ၊ ပင်လုံရှိ အခြေခံပညာ ကျောင်းများ ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား ကျောင်းသူ (၂၇)ဦး ပါဝင်ကြကြောင်း သိရသည်။

 

မိုးလွင်ဦး(ပြန်/ဆက်)