မြဝတီ      ၂၀    နိုဝင်ဘာ

 

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ သောင်ရင်းခန်းမ၌ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြဝတီခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေး မှူး ဦးတေဇာအောင်က အဖွင့်အမှာစကားပြောကြားရာ ကလေးသူငယ်များ၏ အခွင့်အရေးများ ပြည့်ဝစွာရရှိရေးကို အလေးထား ဆောင်ရွက်ကြစေလိုပါကြောင်း၊ ကလေး သူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာများအား ဆင့်ပွား အသိပညာ ပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးကြစေလိုပါကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် မြဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်စီးဌာနမှူး ဦးနေဝါထွန်းမှ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့အကြောင်း ရှင်းလင်းတင်ပြသည်။

 

ဆက်လက်ပြီး မြဝတီမြို့နယ်အတွင်းရှိ မူကြိုကျောင်းပေါင်း ၂၁ ကျောင်းမှ ကလေးငယ်များမှ သီချင်းများနှင့်ပဒေသာ အကများဖြင့် ဖျော်ဖြေတင်ဆက်သည်။

 

ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် နှင့် တာဝန်ရှိသူများက ဖျော်ဖြေ တင်ဆက်သည့် ကလေးငယ်များအား ဂုဏ်ပြုဆုနှင့်အမှတ်တရလက်ဆောင်များ ချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)