လက်ပံတန်း    ၂၀      နိုဝင်ဘာ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် လူမှုဖူလုံရေးရုံးမှ လက်ပံတန်းမြို့ နယ် လူမှုဖူလုံရေးရုံးတွင် အာမခံမှတ်ပုံတင်ထားသော အလုပ်သမားများ အား Mobile Medical Unit  မော်တော်ယာဉ်  ဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုများ ဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၂၀ ရက် နံနက် ၉နာရီတွင် ၂လမ်းခန်းမ၌ ဆောင်ရွက် ပေးလျက် ရှိကြောင်းသိရသည်။

 

လက်ပံတန်း မြို့နယ်မှာ လူမှုဖူလုံရေးအဖွဲ့ဝင် အာမခံ မှတ်ပုံတင် ထားသော အလုပ်သမား(၉၅၀)ဦး ရှိပြီး လူမှုဖူလုံရေး နယ်လှည့်ဆေးကုသရေးအဖွဲ့ တာဝန်ခံဆရာဝန် ဒေါက်တာ ဟိန်းထက်အောင် ပါဝင်သော အဖွဲ့ဝင်များက အသင်းဝင်များအား လက်ရှိကျန်းမာရေး အခြေအနေ နှင့် ပတ်သတ်၍ သွေးပေါင်နှင့် ကိုယ်အလေးချိန် တိုင်းတာခြင်း၊ ဆီးချို၊ သွေးချိုနှင့် လေးဘက်နာ ရောဂါ စစ်ဆေးခြင်း၊ ECG နှလုံးစမ်းသပ်စစ်ဆေးခြင်း၊  Medical Check-Up ပြုလုပ်ပေးခြင်းနှင့် အခြား ဆေးဝါး ကုသပေးခြင်းများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှု ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း လက်ပံတန်းမြို့နယ် လူမှုဖူလုံရေးရုံး၊ ရုံးခွဲတာဝန်ခံ ဒေါ်ခင်ချိုချိုစန်း ထံမှ သိရသည်။

 

ဝင့်နန္ဒာဌေး