မိုင်းရှူး ၂၀ နိုဝင်ဘာ
(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ်အကြို မြန်မာစာလုံးပေါင်း သတ်ပုံအမှန်ရွေး ပြိုင်ပွဲကို မိုင်းရှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန၌ ၁ဝ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုမြန်မာစာလုံးပေါင်းသတ်ပုံအမှန်ရွေး ပြိုင်ပွဲ တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းရှူးမြို့နယ်ဦးစီးမှူး ဒေါ်မန်ဆန်းလွန် က အမျိုးသားအောင်ပွဲနေ့အကြောင်းဟောပြောပြီး၊ ယနေ့ လူငယ်လူရွယ်များအနေဖြင့် မမှားသင့် သော စာလုံးပေါင်းသတ်ပုံများ သိရှိစေရန်နှင့် စာလုံးပေါင်းသတ်ပုံအမှန်များ သိရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် စာလုံးပေါင်းသတ်ပုံအမှန်ရွေးပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ယင်းနောက် (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မြန်မာစာလုံးပေါင်း သတ်ပုံအမှန် ရွေးပြိုင်ပွဲကို ကျင်းပရာ မိုင်းရှူးမြို့ပေါ် ကျောင်းများဖြစ်သည့် အထက၊ အလက ကျောင်းများနှင့် မူလွန် (ပန်စွဲကျေးရွာ)၊ မူလွန်(နားစံကျေးရွာ)များမှ အလယ်တန်းအဆင့် ကျောင်းသား/သူ (၂၅)ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။ ထို့နောက် ဆုရရှိသည့် ကျောင်းသား/သူများအား ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ပြီး၊ ကျောင်းသား ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်


