ဂန့်ဂေါ   ၂၀  နိုဝင်ဘာ 

 

ဒီဇင်ဘာလူထုလှုပ်ရှား အားကစားပွဲအကြို လူထုလမ်းလျှောက်ပွဲကို ဂန့်ဂေါမြို့ အ.ထ.က ကျောင်းအားကစားကွင်း၌ ယနေ့နံနက် ၉ နာရီတွင်  ဂန့်ဂေါခရိုင်အားကစားနှင့်ကာယပညာ ဦးစီး ဌာနက ကြီးမှူးပြုလုပ်သည်။

 

အ.ထ.က ဂန့်ဂေါ ကျောင်းအားကစားကွင်းတွင် Physical Fitness Dance အကသင်တန်းသား များနှင့် ကျောင်းသား/ကျောင်းသူများစုပေါင်း၍  ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ ်ကြပြီး လူထုစုပေါင်းလမ်းလျှောက်ပွဲကို အ.ထ.က ဂန့်ဂေါကျောင်းဝင်းမှ မြို့ပတ်လမ်း အတိုင်း ၁ မိုင်ခန့် လမ်းလျှောက်ပြီး အ.ထ.က ဂန့်ဂေါကျောင်းလမ်းသို့ ဆက်လက် လမ်းလျှောက်ကြသည်။

 

စုပေါင်းလမ်းလျှောက်ပွဲသို့ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် Physical Fitness Dance သင်တန်းသားများ (၁၄၀ဝ) ဖြင့် ပါဝင်ဆင်နွှဲကြောင်း သိရသည်။

 

ထင်အောင်နိုင်(ပြန်ဆက်)