နေပြည်တော်  ၂၀   နိုဝင်ဘာ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်းမှ မြို့နယ် အတွင်း သောက်သုံးရေမရရှိသေး သည့် ကျေးရွာများအား သန့်ရှင်းသော သောက်သုံးရေ ရရှိနိုင်ရေးအတွက်  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဉီးစီးဌာန ဉီးစီးမှူးနှင့် တာဝန်ရှိသူများသည် ကျေးလက်ပေးရေးအချက်အလက်များ(MIS)စနစ်ဖြင့်  မြေပြင်ရှိ အချက်အလက်များ ကောက်ယူခြင်းကို ယနေ့၊ နံနက်ပိုင်းတွင် ဇီးဖြူပင်ကျေးရွာအုပ်စု၊ သစ်စိမ့်ပင်ကျေးရွာတွင် အဆိုပါ ကျေးရွာ၏ အချက် အလက်များအား ကောက်ယူလျက်ရှိကြောင်း သိရသည်။

 

၂

 

ထို့သို့ ကျေးလက်ပေးရေးအချက်အလက်များ(MIS)စနစ်ဖြင့် အချက်အလက်များကောက်ယူရာတွင် ပျဉ်းမနားမြို့နယ်အတွင်း ကျေးရွာအုပ်စု(၂၉) အုပ်စုမှ ကျေးရွာခွဲပေါင်း(၁၃၉)ရွာအား ကောက်ယူ လျက်ရှိကြောင်း နှင့် ကျေးရွာ၏ မြေအနေအထား၊ ရေချို၊ ရေငန်ရရှိနိုင်မှု၊ ရေအရင်းအမြစ် ရရှိမည့် နေရာနှင့် တူဖော်ရမည့် ခန့်မှန်ပေပေါင်း စသည့်အချက်အလက်များကို ကောက်ယူခြင်း ဖြစ်ကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)