ရန်ကုန် ၂၀ နိုဝင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အဖွဲ့သည် တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ သတင်းမီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် လေ့လာရေးခရီး သွားရောက်ရန်အတွက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ အဖွဲ့ဝင်များအဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးရဲနိုင်၊ မြန်မာ့အလင်းသတင်းစာတိုက်မှ စာတည်းမှူးချုပ် ဦးအောင်နိုင်ဦး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းနှင့် မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ သုတေသန လက်ထောက် ဦးစောပြည့်မှူးတို့ လိုက်ပါသွားကြသည်။
(သတင်းစဉ်)
{Myanmar Digital News ၏ သတင်းများကို http://www.mdn.gov.mm ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။}


