နေပြည်တော်  ၂၀  နိုဝင်ဘာ

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ မိုဆမ် မိုဟာမက်ဒီ အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ  နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

dfwew

 

တွေ့ဆုံစဉ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို နှစ်နိုင်ငံဆက်ဆံရေးနယ်ပယ်တွင် သာမက ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အတွင်း ပိုမိုတိုးမြှင့်ဖော်ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့သွားရေး၊ နှစ်နိုင်ငံအကြား အပြန်အလှန် ခရီးစဉ်များမှတစ်ဆင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 

f44w

 

တွေ့ဆုံပွဲသို့  ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

(သတင်းစဉ်)

 

f434