နေပြည်တော်  ၂၁  နိုဝင်ဘာ

 

 (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက ပြည်မြန်မာသီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးက ဖတ်ကြားပြီး ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

 

ထို့ပြင် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ဥတ္တရခရိုင်၊ ပြန်ကြားရေးကြားနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် “သတင်း စကား လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အောင်ကို(ပြန်/ဆက်)