၂၁ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ (၉၉)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို စဉ့်ကိုင်အထက(သဇင်) ခန်းမတွင် ယနေနံနက် ၇ နာရီ၌ ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကောင်းမြတ်ထွန်းမှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာကို ဖတ်ကြားသည်။
ဆက်လက်၍ (၉၉)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး ပြိုင်ပွဲတွင် (အထက်တန်းအဆင့်၊အလယ်တန်းအဆင့်၊မူလတန်းအဆင့်)(ပထမ၊ဒုတိယ၊တတိယ) ဆုရရှိသူများနှင့် ကဗျာပြိုင်ပွဲတွင် (အထက်တန်းအဆင့် အလယ်တန်းအဆင့်) (ပထမ၊ ဒုတိယ၊ တတိယ)ဆုရ ကျောင်းသူ ကျောင်းသားများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ထွန်းနှင့် တာဝန်ရှိ သူများက ဆုများကို ပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရသည်။ (ဝင်းဝင်းသန်း)
၂၀၁၉ ခုနှစ် ( ၉၉ ) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၁)၊ အခြေခံပညာ အထက်တန်းကျောင်း၊ ဧရာဝတီခန်းမဆောင်၌ ကျင်းပရာ ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက ပြည်မြန်မာသီချင်းသီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ၂၀၁၉ ခုနှစ်၊ ( ၉၉ ) နှစ်မြောက် အမျိုးသားနေ့ သဝဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်မောင် က ဖတ်ကြားသည်။
ထို့နောက် ၂၀၁၉ ခုနှစ် ၊ (၉၉ ) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ၊ ကဗျာပြိုင်ပွဲများမှ ဆုရရှိကြသော အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းတို့မှ ကျောင်းသူ/ ကျောင်းသားများအား တာဝန်ရှိသူများမှ ဆုများကို အသီးသီးချီးမြှင့်ခဲ့ကြပြီး ( ၉၉ ) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်မျိုးထိုက် ( ပြင်ဦးလွင် )


