ကော့သောင်း    ၂၁    နိုဝင်ဘာ

 

 (၉၉)နှစ်မြောက်    အမျိုးသားအောင်ပွဲနေ့အခမ်းအနားအား         နိုဝင်ဘာလ ၂၁ ရက် နံနက် (၉) နာရီက ကော့သောင်းမြို့ အမှတ်(၁)  အခြေခံပညာ အထက်တန်းကျောင်း၊ မြတ်ရတနာခန်းမတွင် ကျင်းပ ပြုလုပ်သည်။

           

ဆက်လက်၍  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော  (၉၉) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ သဝဏ်လွှာအား ကော့သောင်းမြို့နယ် ၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းမျိုးအောင်က ဖတ်ကြားပြီး  အထိမ်းအမှတ် ၊ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများ တွင်ဆုရရှိသည့် အထက်တန်း၊ အလယ်တန်း နှင့်မူလတန်း အဆင့် ဆုရကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

ထိုနောက် ကော့သောင်းမြို့ ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ     ကျောင်းသား/သူ လေးများ က ဇာတိမာန်သီချင်းဖြင့် သံပြိုင်ညီညာ သီဆို ၍ အခမ်းအနားအားရုပ်သိမ်း လိုက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့်  သတင်းစကား အသိပညာပေး လက်ကမ်းစာစောင်များအား ကော့သောင်းခရိုင်ရုံး ဝန်ထမ်းများက  အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များ၊ ကျောင်းသား ကျောင်းသူများ အား လိုက်လံဝေငှခဲ့ကြောင်း သတင်းရရှိသည်။

 

ကျော်စိုး (ကော့သောင်း )