ရန်ကုန်   ၂၁   နိုဝင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး(အရှေ့ပိုင်းခရိုင်) ရန်ကင်းမြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)မှ လစဉ် ရပ်ကွက်များသို့ ကွင်းဆင်း၍ ပြည်သူများ၏အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိရာ ယမန် နေ့ နံနက်ပိုင်းက အမှတ်(၉)ရပ်ကွက်  သာသနာ့ဟိတကာရိဓမ္မာရုံတွင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

 

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)မှ ဌာနဆိုင်ရာဝန်ထမ်း များက ရပ်ကွက်ပြည်သူများ လိုအပ်လျက်ရှိသော ထောက်ခံချက်များ ၊ ရပ်ကွက်အတွင်းရှိ လူဦးရေ မွေးဖွားမှု၊ သေဆုံးမှုစာရင်းများကိုဖြည့်သွင်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း၊ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း၊ ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်နေမှု များကို အသိပညာပေးခြင်းစသည့်လုပ်ငန်းများကို ပြည်သူ့များအတွက် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ခင်မာဝေ( ပြန်/ဆက်)