ရန်ကုန်  ၂၁    နိုဝင်ဘာ    

 

တာမွေမြို့နယ်အတွင်း၌ အသက်(၉)လမှ (၅)နှစ်ခွဲအတွင်းရှိ ကလေးငယ်များအား " ဝက်သက် - ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးခြင်း " လုပ်ငန်း အသိပေးဆွေးနွေးပွဲ အခမ်းအနား ကို ယမန်နေ့ မွန်းလွဲ (၁:ဝ၀)နာရီ အချိန်က ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

6

 

အခမ်းအနားတွင် တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးနှင့် တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းမြင့် တို့က အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နှင်းလဲ့ရည်မှ အသက်(၉)လမှ (၅)နှစ်ခွဲအထိ ကလေး ငယ်များအား " ဝက်သက် - ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးခြင်း " လုပ်ငန်းနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက် လာကြသူများက " ဝက်သက် - ဂျိုက်သိုး ကာကွယ် ဆေး အပိုဆောင်းထိုးနှံပေးခြင်း" နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်ပြည်သူ့ ကျန်းမာ ရေးဦးစီး ဌာနမှူး ဒေါက်တာနှင်းလဲ့ရည်မှ ပြန်လည်ရှင်းလင်း ဖြေကြား ပေးခဲ့သည်။

 

အခမ်းအနားသို့ တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်၊ တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

နိုင်လင်းအောင်(တာမွေ)