ကြာအင်းဆိပ်ကြီး ၂၁ နိုဝင်ဘာ
(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့လာသော သဝဏ်လွှာကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးက ဖတ်ကြားခဲ့သည်။
အခမ်းအနားတွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုများရရှိကြသည့် ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ဖာပွန်
အလားတူ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် အခြေခံပညာ အထက်တန်း ကျောင်း၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှပေးပို့သော သဝဏ်လွှာကို ဖာပွန်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက ဖတ်ကြားခဲ့သည်။
ဆက်လက်၍ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုများရရှိကြသည့် ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသားနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
(ပြန်/ဆက်)


